သင်တို့ရဲ့ လုပ်ငန်းတွေ ဒစ်ဂျစ်တယ် ဖြစ်ပြီလား။ မကူးပြောင်းရင် သင် မရှင်သန်နိုင်ဘူး။ ဒါကြောင့် သောကြာနေ့ (၂၁-၆-၂၀၁၉) နေ့ခင်း ၁ နာရီ UMFCCI မှာ အစိုးရအရာရှိကြီးများ၊ လုပ်ငန်းရှင်ကြီးများနဲ့ ပညာရှင်ကြီးများ ၁၈ ဦး ပါဝင်ဆွေးနွေး ဖလှယ်ကြမယ့် Digital Economy transformation seminar ကြီးကို တက်ရောက်ကြဖို့ သတိပေး နှိုးဆော်လိုက်ပါတယ်။
Digital Economy လောကသားတွေနဲ့ Moderator ဦးသောင်းစုငြိမ်းက session တစ်ခုမှာ စကားပြော မေးမြန်းခွင့်ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အကြောင်း၊ သူတို့ ဘယ်လို စတင်ခဲ့တဲ့ အကြောင်း၊ အခု ဘာတွေ လုပ်နေတဲ့ အကြောင်း စတာတွေ မေးမြန်းသွားမှာ ဖြစ်ပါတယ်။ Discussion panel session မှာ ပါဝင်မယ့် panelist တွေကတော့ ---
D Thandar Hlaing, T Fitness (Mobile app)
D Win Nander Thyke, rgo47 (E-Commerce)
U Nay Aung, Oway (Sharing Economy)
U Min Swe Hlaing, LaLaKyi (Contents)
U Wai Yan Lin, CarsDB (Classifieds / Marketplaces)
သူတို့ကို မေးချင်တာတွေ ရှိရင် လာခဲ့လိုက်ပြီး လူကိုယ်တိုင် မိတ်ဆက်ပြီး မေးလိုက်ကြပါ။